အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (7.1 Mb)

ပြုန်းတီးလာတဲ့ အမေ့ခံ ဒီရေတောများ

1 မေ 2013 18:42 GMT နောက်ဆုံး ရေးသားသည်။

ပျက်စီး ပြုန်းတီးလာနေတဲ့ ဒီရေတောများ

ဒီရေတာ ဆိုတာ ဆားငန်ရေ ဝင်ရောက်နိုင်တဲ့ ပင်လယ်စပ် တွေမှာသာ တွေ့ရလေ့ရှိပြီး အဲဒီ ဒီရေတောတွေက ကုန်းတွင်းပိုင်း ဆားငန်ရေ ဝင်ရောက်မှုကို တားဆီးပေးသလို မုန်တိုင်း အန္တရယ် ကြုံရတဲ့ အခါကြရင်လည်း မုန်တိုင်း အားပျော့ သွားအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို နာဂစ်မုန်တိုင်း အတွင်း ကြုံခဲ့ရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေ မုန်တိုင်းအန္တရာယ်က ထွက်ပြေးလွတ်မြောက် နိုင်အောင် ပုန်းခိုတဲ့နေရာလည်း ဖြစ်ခဲ့သလို ဒီရေတောက ထွက်တဲ့ ရေပေါ်က သစ်ပင် သယံဇာတွေ အပြင် ရေအောက်က သတ္တဝါ အမျိုးမျိုးကလည်း လူတွေရဲ့ နေ့စဉ် လူနေမှု ဘဝ ရပ်တည်မှု အတွက် အရေးပါလှပါတယ်။

အခုလို အဖိုးတန်လှတဲ့ ဒီရေတောတွေဟာ မြန်မာနိုင်ငံမှာ ၂ဝဝ၂ ခုနှစ် တိုင်းထွာချက်အရ မြစ်ဝကျွန်းပေါ်မှာ ဧကပေါင်း သုံးသိန်းကျော် ရှိခဲ့ရာက ၂ဝ၁၂မှာ ပြန်လည် တိုင်းထွာ ကြည့်တဲ့ အခါ တသိန်း သုံးသောင်းလောက်သာ ကျန်တော့ တာမို့ အခုလို အရှိန်အဟုန်နဲ့ ပျက်စီး ပြုန်းတီးလာနေတာဟာ ပြန်လည် အစားထိုး စိုက်ပျိုး ရှင်သန်မှုနဲ့ မမျှ ဖြစ်နေတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

ဒေသတွင်း ထင်းလောင်စာနဲ့ ပုဇွန်ကန် ၊ ဆားချက်ကန် ၊ စိုက်ပျိုးမြေ အဖြစ် ပြောင်းလဲမှုတွေဟာ အခုလို ဒီရေတာ ပြုန်းတီးမှုရဲ့ အကြောင်းရင်းခံလို့ တချို့က ဆိုလာလေတော့ ဒီရေတောတွေ ပျက်စီး ပြုန်းတီးမှုတွေကို သတိပြုမိစေခြင်း အလို့ငှာ အမေ့ခံများ အစီအစဉ်မှာ တင်ဆက် ပေးလိုက်ရပါတယ်။