သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သာမန်အငြင်းပွားမှုကနေ ဘာသာရေး ပဋိပက္ခ အထိ ဘာကြောင့် ဖြစ်ရတာလဲ

  • 4 မေ 2013

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ မှာ အခုလောလောဆယ် ဥက္ကံမြို့မှာ သာမန် အငြင်းပွားမှုတွေကနေ လူအသက်တွေ ဆုံးရှုံးရတဲ့အထိ ဘာသာရေး အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို အငြင်းပွားတွေကနေ ဘာသာရေးပဋိပက္ခတွေ အထိ ပြန့်ပွားသွားရတာ ဘာကြောင့်လို့ သောတရှင်တွေ ယူဆပါသလဲ

ဒီပြသနာကို ဘယ်လို အဖြေရှာနိုင်မယ်လို့ ထင်ပါသလဲ

မေလ ၄ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ သောတရှင်တွေနဲ့အတူ

မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး နဲ့ရန်ကုန်က သတင်းစာဆရာတဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့် တို့ကို ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီးတခုခုပြောလိုရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။

Email နဲ့ ဆွေးနွေးသူများ

ထစ်ခနဲရှိ အကြမ်းဖက်ဖို့ဖြစ်လာတဲ့အကြောင်းအရင်းများကတော့.......

၁) စိတ်ဓါတ်တွေညံ့ဖျင်းလာလို့ပါ။ ၂)ပညာနိမ့်ပါးလို့ပါ။ ၃)အလုပ်လက်မဲ့များလာပြီးပိုမိုဆင်းရဲ့လာလို့ပါ။ ၄)အမှန်အကန်ဆရာတော်ကြီးများနဲ့လူကြီးသူမများရဲ့ဆိုဆုံးမမှုများမနာခံတော့လို့ပါ။

၅)သွေးထိုးလှုံ့ဆော်သူ ဝါငယ်သည့်ဆရာတော်တချို့ရဲ့တရားဟောပွဲများကြောင့်ပါ။ ၆)သူများပစ္စည်းအချောင်လိုချင်လို့ပါ။ လုယက်ချင်လို့ပါ။ ၇)မလိုမုန်းတီးမှုများလာလို့ပါ။ ၈)တစိတ်ကိုတအိတ်လုပ်ပြီး ဖွတတ်တဲ့ တချို့ မီဒီယာများကြောင့်ပါ ပြီးတော့အစ္စလာမ်ဘာသာဝင်များတဖြည်းဖြည်းယခင်ကထက်စီးပွားရေးပြေလည်လာလို့ပါ။

ဝဏ္ဏအောင်

အသိအမြင် ဗဟုသုတ ပညာဉာဏ်နည်းပါးလှတဲ့ ပြည်သူအများစုဟာ မစို့မပို့ရလာတဲ့ လွတ်လပ်မှုကို ဘယ်လိုသုံးရမှန်းမသိဖြစ်နေချိန်မှာ လူတစုရဲ့ ကျုံးသွင်းတာ ခံလိုက်ရတာပါ။ ကုလားဗမာ အဓိကရုန်းကတော့ ဗမာ့နိုင်ငံရေးမှာ သမိုင်းအဆက်ဆက် သုံးလာတဲ့ ဂျိုကာဖဲတချပ်ပါပဲ။ အဆိုးဆုံးအဖြစ်တွေ နဲ့ကြုံခဲ့ရတာကတော့ အစိုးရမှာပဲ လုံးလုံးတာဝန်ရှိပါတယ်။ စနစ်ကျမှန်ကန်တဲ့ ပြည့်ဝတဲ့ အုပ်ချုပ်ရေးစနစ် ကသာလျှင် ဒီပြဿနာကို အဖြေရှာနိုင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ဇော်ဝေလင်း

အခုအချိန်မှာ အလွန်သိမ်မွေ့နူးညံ့တဲ့ ဗုဒ္ဒဘာသာကို အရုပ်ဆိုးအကျည်းတန်အောင်လုပ်နေတဲ့ လူတစ်စုကြောင့် ဗုဒ္ဒဘာသာဝင်မြန်မာလူမျိုးတွေ သိက္ခာကျစေမဲ့အဖြစ်တွေဖြစ်နေပါတယ်။ ဒီလုပ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘိုးစဉ်ဘောင်ဆက် ညီရင်းအကို၊ မောင်ရင်းနှမတွေလိုနေလာကြတဲ့ မြန်မာနဲ့အစ္စလာမ်တွေကတော့၊ အလွန်ဘဲစိတ်မကောင်းဖြစ်ရပါတယ်။ ဒီမိုကရေစီကို မွေးလာထဲကရနေတဲ့လူတွေအတွက်ကတော့၊ ပြည်သူအများကလိုလားတောင့်တနေတဲ့၊ အများနဲ့ဆိုင်သောဒီမိုကရေစီနိုင်ငံဖြစ်လာမှာကို မလိုလားမနှစ်သက်ကြဘူးလို့ထင်ပါတယ်။ ဘာသာရေးကိုခုတုံးလုပ်ပြီးတော့၊ အသိပညာ၊ဉာဏ်နဲတဲ့လူတွေမွေးပြီး တိုင်းပြည်ကိုဖျက်ဆီးနေကြတယ်လို့ ၊ ကျမထင်ပါတယ်။ ဒါကြောင့် ဒီလူတွေကို တာဝန်ရှိသူတွေက၊ ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား။အရေးယူမယ်ဆိုရင်တော့ ဒီပြသနာတွေအားလုံး အေးချမ်းသွားလိမ့်မယ်လို့ထင်ပါတယ်။

မနွယ် စင်္ကာပူ

ဘာသာတရားတွေဟာ လူသားတွေကိုယဉ်ကျေးအောင် သွန်သင်ပေးနေတာလား။ လူ လူချင်းသွေးခွဲပြီး ရန်တွေပွားအောင် မီးမွှေးပေးနေသလားဆိုတာကို ပြန်လည်စဉ်းစားဖို့ လိုနေပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအများစု လက်ခံယုံကြည်ထားတဲ့ နူးညံ့သိမ်မွေ.ငြိမ်းချမ်ပြီး မေတ္တာတရား ကိုယ်ချင်းစာတရားကို အခြေခံထားတဲ့ ဗုဒ္ဓဘာသာကိုတောင် ရေရှည်တည်တံ့ဖို့အတွက် အာဏာစက်တွေ လစ်လျူရှုပေးတဲ့နည်းတွေ အကြမ်းဖက်တဲ့နည်းတွေနဲ့ ထိမ်သိမ်းစောင့်ရှောက်နေရတာ၊လတ်တလောဖြစ်ရပ်တွေက သက်သေပါဘဲ။

ဒါပေမယ့် ငါ့ဘာသာမှ ငါ့ဘာသာဆိုတဲ့၊အစွဲတွေနဲ့ ငါနဲ့ဘာသာမတူသူတွေက မိစ္ဆာဒိဌိတွေ ငရဲလားမယ့်သူတွေဆိုပြီးအထင်သေးအမြင်သေးနေကြတာတွေကို ဘာသာတရားတိုင်းမှာတွေ.နေရပါတယ်။ ဒီလိုအခြေခံ အယူအဆရှိသူတွေကြားထဲမှာ ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးဖို့ဆိုတာ အပေါ်ယံဘဲလုပ်နိုင်မှာပါ။

ဘာသာတရားတွေကို ကျောင်းသင်္ခန်းစာတွေထဲ ထည့်သင်ဖို့ဆိုတဲ့အယူအဆ ကိုလည်း ကျွန်တော်လက်မခံပါဘူး။ အနောက်နိုင်ငံတွေရဲ့ ပညာရေးစနစ်မှာ မည်သည့် ဘာသာတရားအယူအဆတစ်ခုကိုမှ ထည့်သင်ခွင့်မပြုထားသလို မည်သည့်ဘာသာရေးပွဲလမ်းမှ၊ကျောင်းမှာလုပ်ခွင့်မပြုပါဘူး။ ဒါကြောင့် ဘာသာတရားတွေကို မိမိရဲ့အိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေမှာဘဲထားပြီး ပြင်ပလောကကိုသယ်မလာခဲ့ရင်အကောင်းဆုံးပါ။ ဒါမှလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့တရားဥပဒေစိုးမိုးရေးကို လွတ်လပ် မျှတာစွာ ပြုလုပ်နိုင်မှာပါဖြစ်ပြီး ပဋိပက္ခတွေကိုရှောင်ရှားနိုင်မှာပါ။

Free Thinker