သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မေ ၁၀ တမိနစ် သတင်းဗီဒီယို

  • 10 မေ 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့မှာ ပြီးခဲ့တဲ့လက ပြိုကျခဲ့တဲ့ အဆောက်အဦ အပျက်အစီးအောက်မှာ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အမျိုးသမီး တယောက်ကို အသင်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အာဖရိကရဲ့ သဘာဝ သယံဇာတအရင်းအမြစ်တွေကို အခွန်ရှောင်သူ၊ အာဏာပိုင်တွေနဲ့ တိတ်တဆိတ် အပေးအယူလုပ်သူ၊ တရားမဝင် ငွေလွှဲပြောင်းသူတွေက ခေါင်းပုံဖြတ်နေလို့ နိုင်ငံတွေ အကျိုး မရပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ခေါင်းဆောင်တဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်။

ကွန်ပြူတာ ဟက်ကာ တွေဟာ အရှေ့ အလယ်ပိုင်း ဒေသက ဘဏ်ကြီး နှစ်ခုက ထုတ်ပေး ထားတဲ့ debit ကဒ် တွေမှာ သတ်မှတ် ထားတဲ့ ငွေထုတ်ယူ နိုင်ခွင့် ပမာဏ ကန့်သတ်ချက်တွေ ကို ဖယ်ရှား ပစ်လိုက်ပြီး နိုင်ငံပေါင်း၂၇ နိုင်ငံကနေ နာရီပိုင်းအတွင်း ငွေပေါင်း ဒေါ်လာ သန်း လေးဆယ်ကျော်ကို ထုတ်ယူ ခဲ့ကြပါတယ်။