သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူထုလိုချင်တဲ့ သတင်းတွေကို ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေဆီက ရနိုင်ပြီလား

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ စပြီး ထုတ်ဝေခဲ့တာ အခုဆိုရင် တလကျော်လာပါပြီ။

လူထုလိုချင်တဲ့ သတင်းအချက်အလက်တွေကို ဒီပုဂ္ဂလိကနေ့စဉ်သတင်းစာတွေက ရနိုင်ပြီလား။

သောတရှင်တွေ ဘယ်လိုယူဆကြပါသလဲ ။

သောတရှင်တွေ မေလ ၁၁ ရက် စနေနေ့ည လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြရာမှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ သုံးသပ်ချက်နဲ့ ဆဲဗင်းဒေးဒေးလီးနေ့စဉ်သတင်းစာ အမှုဆောင်အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်၊ စာရေးဆရာနဲ့ အလွတ်သတင်းထောက် ဦးကိုလတ်ခေါ် သီပေါကိုလတ်

တို့ ဆွေးနွေးထားတာကို တားဆင်နိုင်ပါတယ်။

နားဆင်ပြီး တခုခု ပြောလိုရင် ပါဝင်ဆွေးနွေးလိုသူတွေ ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။