သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မီးသွေးမကူ ထင်းမယူဘဲ ရေ သန့်အောင်လုပ်မယ်

Image caption SODIS စနစ် ဆိုတဲ့ နေရောင်ခြည် သုံးပြီး ပိုးသတ်ကာ ရေသန့်အောင် လုပ်တဲ့နည်း အဆင့်ဆင့်

ရေအသက် တမနက် ၊ ထမင်း အသက် ခုနှစ်ရက် ဆိုတဲ့ စကား အတိုင်း သန့်ရှင်းတဲ့ ရေတခွက် ရဲ့ တန်ဖိုးက အသက်လောက် အရေးကြီးတယ် ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး ။

ကမ္ဘာပေါ်မှာ လူဦးရေ သန်းတထောင်လောက်ဟာ သန့်ရှင်းတဲ့ ရေကို မသုံးစွဲ နိုင်ကြဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့က WHO က ထုတ်ပြန် ထားပါတယ်။

နှစ်စဉ် လူနှစ်သန်းလောက်ဟာ ရေမသန့်လို့ ဖြစ်ရတဲ့ ဝမ်းပျက်၀မ်းလျော ရောဂါကြောင့် သေဆုံး နေရပြီး သေဆုံးသူ အများစုက အသက်ငါးနှစ်အောက် ကလေးတွေလို့ ကမ္ဘာကျန်းမာရေး အဖွဲ့က ဆိုပါတယ်။

UNHABIT အစီအစဉ်က ရေသန့်စင်ရေးနဲ့ ရေရရှိရေး စီမံကိန်း အင်ဂျင်နီယာ ဦးမြင့်အေးက နေရောင်ခြည် စွမ်းအင်သုံးပြီး ရေထဲက ပိုးမွှား ကင်းစင်အောင် လုပ်တဲ့ SODIS စနစ်ကို သရုပ်ဖော် ပြသ တင်ဆက် ထားပါတယ်။

ဒီ SODIS စနစ်ကို ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က ထောက်ခံ အတည်ပြုထားပြီး မိသားစုအတွက် တနိုင်တပိုင် ရေကောင်း ရေသန့် ရနိုင်အောင် လုပ်နိုင်တာမို့ အပြည့်အစုံ သိရအောင် နားဆင် နိုင်ပါတယ်။