သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မေ ၂၄ တမိနစ် သတင်းဗီဒီယို

24 မေ 2013 18:01 GMT နောက်ဆုံး ရေးသားသည်။

လန်ဒန်မြို့လမ်းလယ်ခေါင်မှာ ဗြိတိသျှ တပ်သားတဦး ဓားနဲ့ ခုတ်သတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကြီးတခု အဖြစ်စတင် ပြုလုပ်နေပါပြီ။

ဆွီဒင်မြို့တော် စတော့ဟုမ်း ဆင်ခြေဖုံးက နိုင်င့ခြားက ရောက်လာအခြေချသူတွေ အများစုနေနေတဲ့ ရပ်ကွက်မှာ မှာတော့ ငါးရက်မြောက်နေ့အဖြစ် အဓိကရုဏ်းတွေ ဖြစ်နေပါတယ်။

တောင်ကိုရီးယားမှာတော့ ဂျပန်စစ်တပ်က ဇိမ်မယ်အဖြစ် အသုံးခံခဲ့ရဖူးတဲ့ အမျိုးသမီးကြီး နှစ်ယောက်က ဂျပန် အတိုဆာကာ မြို့တော်ဝန်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်လိုက်ကြပါတယ်။