သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

Image caption မူဆလင်တွေ အတွက် လက်တုန့်ပြန်တာလို့ ဆိုခဲ့။

လန်ဒန်မြို့လမ်းလယ်ခေါင်မှာ ဗြိတိသျှ စစ်သားတယောက်ကို လူနှစ်ဦးက နေ့လယ်ဖက်ကြီးမှာ ဓားနဲ့ ထိုးခုတ်သတ်ဖြတ်လိုက်တဲ့ အတွက် ယူကေ တနိုင်ငံလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။

အဲဒီလို သတ်ဖြတ်ခဲ့သူတွေဟာ နိုင်ဂျီးရီးယားနိုင်ငံဖွား ဗြိတိသျှနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်း သက်ဝင်ခဲ့ကြသူတွေ ဖြစ်နေပြီး ဗြိတိသျှစစ်သားတွေက တခြား မူဆလင်နိုင်ငံတွေမှာ မူဆလင်တွေကို သတ်ဖြတ်နေလို့ လက်တုန့်ပြန်တာလို့လည်း သူတို့ကဆိုပါတယ်။

အခုလို ဘာသာကူးပြောင်းသက်ဝင်ခဲ့သူတွေကို အကြမ်းဖက်ဝါဒတွေနဲ့ စည်းရုံးဖို့ စောင့်ကြိုနေသူတွေလည်း ရှိနေပါတယ် ။ နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ကိုမင်းထက်က ပြောပြမှာပါ။