သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဝေးပြေးလမ်းမတွေမှာ မကြာခဏ ကားမှောက်တာ ဘာကြောင့်လဲ

  • 1 ဇွန် 2013

မြန်မာနိုင်ငံက အဝေးပြေးလမ်းမကြီးတွေမှာ မကြာခဏ ကားမှောက်ပြီး လူ့အသက်တွေ ဆုံရှုံးနေရတဲ့ သတင်းတွေ ကြားနေရပါတယ်။

ဒီလိုဖြစ်ရတာဟာ ကားလမ်းကြောင့်လား၊ ယဉ်မောင်းတဲ့ လူကြောင့်လား၊

ဘယ်လို ကာကွယ် တားဆီးနိုင်ပါမလဲ။

သောတရှင်တွေရဲ့ အတွေ့အကြုံ၊ အယူအဆကို ဂျွန်လ ၁ ရက်နေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ ရန်ကုန်အမြန်လမ်း ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့က အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီး ဝေဖန် အကြံပြုလိုရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။