ကျောင်းမနေနိုင်တဲ့ ကလေးတွေ ပညာသင်နိုင်ရေး အစိုးရက ဘယ်လောက်ကူညီနေလဲ

  • 3 ဇွန် 2013

တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ ပညာရေးအပေါ်မူတည်နေတယ်လို့ အစိုးရကရော နိုင်ငံရေးပါတီတွေကပါ ပြောနေကြပါတယ်။

ကျောင်းဖွင့်ချိန်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီးရှိနေပြီး ဒီကလေးတချို့ကို ဘုန်းတော်ကြီးကျောင်းတွေက ပညာသင်ကြားပေးနေပါတယ်။

ဒီတော့ ဒီလို အခြေခံလူတန်းစား သားသမီးတွေ ပညာသင်ကြားနိုင်ရေး အစိုးရက ဘယ်လောက် ကူညီပံ့ပိုးနေပါသလဲ

ကူညီပံ့ပိုးဖို့ ဘယ်လောက် လိုအပ်နေပါသလဲ

လာမယ့် ဂျွန်လ ၈ ရက် စနေနေ့ည လွတ်လပ်အတွေးဆွေးနွေး ဖလှယ်အစီအစဉ်မှာ သောတရှင်တွေ မြင်ရ တွေ့ရ တာတွေနဲ့ ထင်မြင်ယူဆတာတွေကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေး လိုသူတွေ ဘီဘီစီကို အီးမေးလ်ရေးလို့ ကြိုတင် ဆက်သွယ်နိုင်ပါတယ်။ Burmese@bbc.co.uk ကို တယ်လီဖုန်းနံပါတ်နဲ့ နေထိုင်နေတဲ့ နိုင်ငံကို အီးမေးလ်ရေး ပို့ထားမယ်ဆိုရင် ဘီဘီစီက ပြန်ဆက်သွယ်ပါ့မယ်။

တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်ပြီး သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပါ။ ပြန်ပြီး ဆက်သွယ် စေချင်ရင်တော့ သောတရှင်တို့ကို ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ခေါ် ပါမယ်။