မိုဘီဂျီနို နဲ့ လူငယ်လုပ်ငန်းရှင်

  • 5 ဇူလိုင် 2013

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ကိုမင်းထင်ကျော်လတ်

ဒီတပတ်မှာတော့. . .

မြန်မာနိုင်ငံက လူငယ်လုပ်ငန်းရှင်တစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုမင်းထင်ကျော်လတ်ဟာ Nexus Solution Co. Ltd ဆိုတဲ့ ကွန်ပျုတာ အိုင်တီ ကုမ္ပဏီ တစ်ခုကို ပူးတွဲ တည်ထောင်ပြီး လုပ်ငန်း စလုပ်နေသူ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ ရန်ကုန်မြို့မှာ အခမဲ့ WiFi ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။

သူဟာ လူငယ်ရေးရာ ကိစ္စတွေမှာလည်း ဒေသတွင်း စင်မြင့်ကနေ တက်ရောက် ဆွေးနွေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Image caption စီးပွားရေးဘာသာနဲ့ ဘွဲ့ယူခဲ့

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာ ဇူလိုင် ၄ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပတဲ့ Shape Asia ၂၀၁၃ အာရှအနာဂတ်ကို ထုဆစ်မယ့် လူငယ်များ ညီလာခံမှာလည်း တက်ရောက် ဆွေးနွေးတဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အာရှလူငယ်ညီလာခံအကြောင်း နဲ့ ကိုမင်းထင်ကျော်လတ်ရဲ့ လုပ်ငန်းအကြောင်း မေးမြန်းထားတာကို ဒီမှာ နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီဂျီနို အစီအစဉ်ဟာ လူငယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi - Geno) အတွက် ရည်ရွယ်ပြီး တင်ဆက်ပေးတာမို့ ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ ထူးခြားတဲ့ လူငယ် အတွေ့အကြုံ၊ လူငယ့် မျှော်လင့်ချက်၊ လူငယ့်အားမာန်တွေ အကြောင်း ပါဝင် ဝေမျှကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။