အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (9.1 Mb)

ရှစ်လေးလုံး ဘယ်လို ပေါ်ပေါက်ခဲ့လဲ

9 ဩဂုတ် 2013 10:45 GMT နောက်ဆုံး ရေးသားသည်။

ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေကို အာဏာပိုင် တွေက ပစ်ခတ်ဖြိုခွဲရာ ကနေ...

''ကျွန်တော့် ကျောထဲမှာ ပူကနဲ ကျည်ဆံ ဝင်သွားတယ်၊ ကျွန်တော်ဘယ်ဘက် အဝိုင်း ဘေးနားမှာ ကိုဖုန်းမော်က ကားကနဲပဲ ပက်လက်ကျသွား တာမြင်လိုက်တယ်'' ကိုမြင့်ဦး (ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား)။''အစိုးရ တရပ်က ငါတို့တွေ ပေါ်မှာ ဒီလောက်တောင် လုပ်ရက် သလား" မခင်ဥမ္မာ (ရန်ကုန် ပင်မ တက္ကသိုလ် ကျောင်းသူ)။'' ပြည်သူ့ အရေးကို လုပ်ရမယ်လို့ ကျွန်တော်တို့က ဆုံးဖြတ်လိုက်တာ၊ အဲဒါက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကြီး အတွက် ပထမဆုံး ခြေလှမ်းဖြစ်သွား တာပဲ " မိုးသီးဇွန် (၈၈ ကျောင်းသား ခေါင်းဆောင်)။'' စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး " ဦးနေဝင်း (မဆလ ပါတီ ဥက္ကဌ)။'' ကျွန်တော့် အခန်းထဲမှာ ဝိုင်းဖွဲ့ပြီး အင်တာဗျူးပေးတယ်၊ ၈ ရက် ၈ လ ၈၈ ဆိုတာ ဂဏန်းလေး ကလည်း လှတယ်ပေါ့၊ အဲဒါ တိုင်ပင်ပြီးတော့ ခရစ္စတိုဖာ ဂန်းနက်စ်ကို ပြောလိုက်တာ '' ကိုအောင်မျိုးထွန်း (ဘီဘီစီ သတင်းထောက်နဲ့ တွေ့ဆုံခဲ့သူ)

အထက်ပါ ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေနဲ့ ၈၈၈၈ အရေးတော်ပုံ ဘယ်လို အခြေတည် စတင်ခဲ့လဲ ဆိုတာကို ကိုသက်ထွေးနိုင်က လေ့လာ သုံးသပ် ထားပါတယ်။