သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကြေးနီစီမံကိန်း စာချုပ်သစ် ပွင့်လင်းမြင်သာဖို့ ဘယ်လောက် လိုလဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရ ၊ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ဟာ သူတို့နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ခြင်း မရှိတာကြောင့် ဒေသခံတွေက မကျေနပ်ဘူးလို့ ပြောကြပါတယ်။

စာချုပ်သစ်မှာ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားခံစားခွင့်ကို ပြင်ဆင်ထားခဲ့ပေမယ့် ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ လျော်ကြေး စတာတွေနဲ့ပတ်သက်လို့ ဘာမှ တိတိကျကျ မသိရပါဘူး၊

ဒီလို စာချုပ်တွေ ချုပ်ဆိုရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဘယ်လောက်ရှိအပ်တယ်ထင်ပါသလဲ၊

ဒေသခံတွေရဲ့ ဆန္ဒကို ကော ထည့်သွင်းစဉ်းစားသင့်ပါသလား၊

သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို စနေနေ့ သြဂုတ်လ ၁၀ရက် လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးထားကြတာကို နားဆင်နိုင်ပါတယ်။

နားဆင်ပြီး တခုခုပြောလိုရင် ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box မှာလည်း ရေးသားနိုင်ကြပါတယ်။