သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အဂတိလိုက်စားမှု ဘယ်လောက် တားဆီးနိုင်မလဲ

  • 17 ဩဂုတ် 2013

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို အတည်ပြုထုတ်ပြန်လိုက်ပါပြီ။

ဒီဥပဒေအရ လဘ်ပေးလဘ်ယူမှုတွေနဲ့ ပတ်သက်လို့ နစ်နာသူက တိုင်ကြားသတင်းပေးတာတွေ လုပ်နိုင်မယ်ဆိုတော့ လဘ်ပေးလဘ်ယူမှုကို ဘယ်လောက် အတိုင်းအတာအထိ တားဆီးနိုင်လိမ့်မယ်လို့ ယူဆပါသလဲ။

သောတရှင်တို့ ကိုယ်တိုင်ကြုံရတဲ့ လဘ်ပေးလဘ်ယူ အတွေ့အကြုံ တွေနဲ့ သဘောထားအမြင်တွေကို သြဂုတ်လ ၁၇ ရက်နေ့ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့ အတူ

မကွေးမြို့နယ် အမှတ်၄ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့် နဲ့

စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ ဆရာ ဦးဟန်ထွန်းတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ တခုခု ပြောလိုရင် ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။