မိုဘီဂျီနို နဲ့ လူငယ်ဆရာဝန်

  • 31 ဩဂုတ် 2013

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ဘက်မှာ ဆေးကုခဲ့တဲ့ ဒေါက်တာ ဆားဆား

ဒီတပတ်မှာတော့ .. .

နိုင်ငံရပ်ခြားမှာ ဆရာဝန်ဘွဲ့ယူပြီး အခုတော့ မွေးရပ်မြေ ချင်းတောင်ကို ပြန်ပြီး လူထု အကျိုးပြု လုပ်ငန်းတွေ လုပ်နေတဲ့ လူငယ် ဆရာဝန် ဒေါက်တာ ဆားဆား အကြောင်း တင်ဆက်ပေးထားပါတယ်။

သူ့ရဲ့ Health and Hope ပရဟိတအဖွဲ့ဟာ နိုင်ငံတကာ အကူအညီနဲ့ ချင်းပြည်နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ လုပ်ပေးနေတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို စနေနေ့ မနက်တိုင်း ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။