သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေးကမ္ဘာ့အရေး

  • 20 စက်တင်ဘာ 2013

မြန်မာနိုင်ငံမှာ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မီတီဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တချိန်ထဲမှာဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၀ဂဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့တဆက် ထဲခွဲမရဘူးလို့ မကြာမီက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီတော့ အခုချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း အရေးတကြီး လုပ်နေတဲ့အတွက် ဖွဲ့စည်းပုံ အမြန်ပြင်ရေး ဒါမှမဟုတ် အသစ်ဆွဲရေး ဘယ်လောက် အရေးကြီးနေပြီလဲ။ ပြင်ဆင်ဖို့ခက်ခဲတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို လက်တွေ့ ဘယ်လိုပြင်ကြမလဲ။

ဒီအကြောင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရေဖြူ မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းဦး လွှတ်တော်ရှေ့နေ ဦးကိုနီ ယူရိုဘားမားရုံးမှ ဒါရိုက်တာ ဟန်ယောင်ဝေတို့နဲ့အတူ ဦးမောင်မောင်သန်းက ဆွေးနွေး ထားပါတယ်။