မိုဘီဂျီနို နဲ့ Nanotech ကျောင်းသူ

  • 27 စက်တင်ဘာ 2013

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption မွန်ကျောင်းသူ မိမေသန့်ဇင်

ဒီတပတ်အစီအစဉ်မှာတော့ ...

ခေတ်မီ သိပ္ပံ နည်းပညာ ဘာသာရပ်ဖြစ်တဲ့ Nanotechnology ဘာသာရပ်နဲ့ ပါရဂူဘွဲ့ တက်ရောက်သင်ကြားနေတဲ့ မွန် လူငယ်ကျောင်းသူ မိမေသန့်ဇင်ကို ဆက်သွယ် မေးမြန်းပြီး တင်ဆက်ပေး ထားပါတယ်။

သူဟာ ဖိလစ်ပိုင်နဲ့ ဂျပန် နိုင်ငံနှစ်နိုင်ငံက တက္ကသိုလ် ၂ ခုမှာ ပူးတွဲပြီး ပါရဂူဘွဲ့အတွက် ပညာသင်ဆုနဲ့ တက်ရောက်နေသူ ဖြစ်ပါတယ်။

သူလေ့လာနေတဲ့ သိပ္ပံဘာသာရပ် အကြောင်းနဲ့ သူဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်တွေအကြောင်း မိုဘီဂျီနို ပရိသတ်တွေနဲ့ ဝေမျှထားတာ ဖြစ်ပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို စနေနေ့ မနက်တိုင်း ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။