မိုဘီဂျီနို နဲ့ လေယာဉ်မယ်

  • 8 အောက်တိုဘာ 2013

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption လေယာဉ်မယ် ဒေါ်ရသီ

ဒီတပတ်မှာတော့ ဝေဟင်ထဲမှာ လမ်းလျောက်ရင်း လုပ်ရတဲ့ အလုပ်တစ်ခုအကြောင်း တင်ဆက် ပေးထားပါတယ်။

ကာတာ လေကြောင်းလိုင်းမှာ လုပ်တဲ့ လေယာဉ်မယ် တစ်ဦးက သူ့ရဲ့အတွေ့အကြုံတွေကို မိုဘီဂျီနို သောတရှင်တွေနဲ့ ဝေမျှ ပြောပြဖို့ အီးမေးလ်ကနေ ဆက်သွယ်လာပါတယ်။

ကောင်းကင်ယံက ထူးခြားတဲ့ ၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့၊ တခါတရံ အန္တရာယ်လည်း ရှိတဲ့ သူ့ရဲ့ လုပ်ငန်း အတွေ့အကြုံတွေကို ပြောပြပေးထားပါတယ်။

ကာတာ လေကြောင်းလိုင်းက လေယာဉ်မယ် ဒေါ်ရသီနဲ့ ဆက်သွယ် မေးမြန်းထားတာကို နားဆင် နိုင်ကြပါပြီ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့ နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို စနေနေ့ မနက်တိုင်း ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။