သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - လုံခြုံရေး အတွင်းခံ

  • 29 အောက်တိုဘာ 2013
Image caption မန်နီးရှာ(လက်ယာ) တို့ အတွက် Gandhian Technological Innovation Award ဆိုတဲ့ ဆုကို ချီးမြင့်ခဲ့

အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ဟိုးလေး တကျော် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်း သူလေး တဦး ဘတ်စကား ပေါ်မှာ ဝိုင်းဖွဲ့ မုဒိန်း ကျင့်ခံရမှု နောက်ပိုင်း အိန္ဒိယ အင်ဂျင်နီယာ ကျောင်းသူလေး မန်နီးရှာ မိုဟန် ဦးဆောင်တဲ့ အဖွဲ့ ကနေ သူတို့ရဲ့ နည်းပညာ တတ်ကျွမ်းမှု စွမ်းရည်ကို အသုံးချလို့ အမျိုး သမီးတွေကို အကာ အကွယ်ပေး နိုင်မယ့် ကာကွယ်ရေး အတွင်းခံ အင်္ကျီ တမျိုးကို ထုတ်လုပ်ခဲ့ ပါတယ်။

မန်နီးရှာ တို့ရဲ့ တီထွင် ကြံဆ နိုင်မှု အတွက် Techpedia ဆိုတဲ့ ကျောင်သားတွေ စုဖွဲ့ ထားတဲ့ နည်းပညာ လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့ ကနေ Gandhian Young Technological Innovation Award ဆိုတဲ့ ဆုကို ချီးမြှင့်ခဲ့ ပါတယ်။