မိုဘီဂျီနိုနဲ့ လူငယ်နိုင်ငံရေးသမား

  • 19 နိုဝင်ဘာ 2013
Ceu Bik Thawng
Image caption ဆလိုင်း ကျဲအိုဘစ်ထောင်း

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ...

ချင်းတိုင်းရင်းသား လူငယ် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအကြောင်း တင်ဆက် ပေးထားပါတယ်။

နိုင်ငံတကာ ဒီမိုကရေစီရေးတွေမှာ ကူညီထောက်ပံ့မှု ပေးတဲ့ အမေရိကန်အခြေစိုက် NED အဖွဲ့တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်း အမှတ်အဖြစ် အသက် ၃၀ အောက် နိုင်ငံတကာက အလားအလားရှိတဲ့ အားကျစရာ လူငယ် နိုင်ငံရေးခေါင်းဆောင်တွေထဲက အယောက် ၃၀ ကို မကြာခင်လပိုင်းကပဲ ရွေးချယ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက ချင်းလူငယ် ခေါင်းဆောင်တစ်ဦးလည်း ပါဝင်ပြီး သူကတော့ ချင်းအမျိုးသား ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအို ဘစ်ထောင်း ဖြစ်ပါတယ်။

သူ့ရဲ့ လူငယ်နိုင်ငံရေး သမားဘဝနဲ့ သူ့ရဲ့ နိုင်ငံရေးအိပ်မက်တွေအကြောင်း မိုဘီဂျီနို ပရိတ်သတ်တွေအတွက် မေးမြန်း တင်ဆက်ပေးထားပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့ နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို စနေနေ့ မနက်တိုင်း ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ