သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မန်ဒဲလား အောက်မေ့ဖွယ် ဆုတောင်းပွဲ

တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က FNB Stadium မှာ ကွယ်လွန်သူ နယ်လ်ဆင် မန်ဒဲလားအတွက် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲကို ပြုလုပ်နေပါတယ်။

အဲဒီ အခမ်းအနားကို အမေရိကန် သမ္မတ အိုဘားမား အပါအဝင် ကမ္ဘာ့ ခေါင်းဆောင် တွေ တက်ရောက်ကြပြီး အမှတ်တရ စကား ပြောကြားကြမှာ ဖြစ်ပါတယ်။

လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက အဓိက မိန့်ခွန်း ချွေဖို့ ရှိပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကလည်း သူ နေထိုင်ခဲ့ဖူးတဲ့ ဂျိုဟာနစ္စဘတ်မြို့ ဆင်ခြေဖုံး Soweto က အားကစားရုံ တစ်ခုမှာ ကျင်းပမယ့် အခမ်းအနားမှာ စကားပြောကြဖို့ ရှိပါတယ်။