သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - ဆောင်းတွင်း စစ်ရှောင်ဒုက္ခသည်များ

  • 21 ဒီဇင်ဘာ 2013

အေးချမ်းတဲ့ ဒီဇင်ဘာ ခရစ္စမတ်ကာလဟာ ပျော်ရွှင်စရာအချိန်၊ မိသားစုတွေ ပြန်လည် ဆုံစည်းကြတဲ့ အားလပ်ရက် အချိန်အဖြစ် ကမ္ဘာတဝန်း သတ်မှတ်လေ့ ရှိပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေနဲ့ ပြည်တွင်းစစ် ဒဏ်တို့ကြောင့် ရေခြားမြေခြားနဲ့၊ ဒုက္ခသည်စခန်းတွေ၊ စစ်ရှောင်စခန်းတွေမှာ လူတွေ သိန်းနဲ့ချီပြီး ရှိနေဆဲ ဖြစ်တယ်။

သူတို့တွေ အဓိက ဘာအခက် အခဲဖြစ်နေလဲ။ သူတို့တွေ အိမ်ပြန်လာနိုင်ဖို့၊ မိသားစုဝင်တွေနဲ့အတူ ပြန်နေနိုင်ဖို့ အစိုးရ အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ဘာတွေ လုပ်ပေး သင့်သလဲဆိုတာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။