သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက္ကူတဝက် ပန်းတဝက် အသံလွှင့်ဇာတ် အပိုင်း ၁

  • 24 ဒီဇင်ဘာ 2013
Image caption ဇာတ်အိမ်တည်ရာနေရာတွေမှာ သွားရောက် အသံသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ ခရစ္စမတ် အထူး အစီအစဉ် အဖြစ် မြန်မာနိုင်ငံတွင်းမှာ သွားရောက် အသံသွင်းယူထားတဲ့ စက္ကူတဝက် ပန်းတဝက် ဆိုတဲ့ ရေဒီယို အသံလွှင့်ဇာတ် လမ်းကို နားဆင်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားတော်လှန်ရေး သမား လူငယ် သုံးဦး.. ၁၉၈၈ အရေးအခင်းအပြီး မှော်ဘီဘက်က ရွာလေးတရွာမှာ လာရှောင်နေခဲ့ကြရာက မထင်မှတ်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာခဲ့ပါတော့တယ်....။

ပထမပိုင်းမှာ ပါဝင် သရုပ်ဆောင်သွားသူတွေကတော့ အောင်ဇော်မင်း အဖြစ် လူရွှင်တော် ကိုပန်းသီး၊ မောင်မောင်လတ်အဖြစ် ကိုရဲကို၊ ရဲထွန်း အဖြစ် ကိုနေလင်း၊ ဦးသိန်းဦးအဖြစ် ကိုမင်းထက်တို့ သရုပ်ဆောင် ထားကြပြီး မှော်ဘီမြို့နယ် သီရိမင်္ဂလာကျေးရွာမှာ သွားရောက် အသံသွင်းထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို ကိုသိန်းမြတ်ရေးသားပြီး ကိုမင်းထက်နဲ့ ကိုသိန်းမြတ်တို့ စီစဉ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။