china
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်က စာရင်းမဝင်တဲ့ ကလေးတွေရဲ့ အနာဂတ်

  • 17 ဇန်နဝါရီ 2014

တရုတ်နိုင်ငံမှာ ဒီလ အစောပိုင်းက စလို့ တအိမ်ထောင် ကလေး ၁ ယောက် ပေါ်လစီကို ဖြေလျှော့ ပေးခဲ့လို့ ၂ ယောက် အထိ ယူ လို့ ရနေပါပြီ။

ဒါပေမယ့် အရင် စည်းကမ်းကို ဖောက်ပြီး မွေးလာ ကြတဲ့ ကလေး သန်း ၂၀ လောက် အတွက်တော့ ဘာမှ ပြောင်းလဲမှုတွေ မရှိသေးပါဘူး။ သူတို့မိသားစုတွေ ဒဏ်ငွေအများကြီး ဆောင်ခဲ့ရသလို ကလေးတွေမှာလည်း ဘာရပိုင်ခွင့်မှ မရှိပါဘူး။