သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမှောင်ထဲ ငိုရှိုက်နေရတဲ့ အမေ့ခံ ပုံရိပ်များ

ဓာတ်ပုံ မူပိုင် PA
Image caption ဥရောပက လိင်လုပ်သားတွေ ကျက်စားရာ နေရာတခု

မြန်မာ နိုင်ငံမှာ ၁၇၈၅ ခုနှစ် ကုန်းဘောင်ခေတ် အစောပိုင်း ကတည်းက ပြည့်တန်ဆာ လုပ်ငန်းကို တရားမဝင်ကြောင်း တားမြစ်ထားတာ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ တချို့ နိုင်ငံတွေမှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့် ပေးထားသလို မြန်မာ နိုင်ငံမှာတော့ လွှတ်တော် အတွင်းမှာကော ပြင်ပ လူ့အဖွဲ့အစည်းမှာပါ ဒီလုပ်ငန်းကို တရားဝင် ပြုရေး မပြုရေး အပေါ် ဆွေးနွေး နေကြဆဲပါ။

ဒါပေမယ့် ခန္ဓာကိုယ်ကို ရင်းပြီး အရှက်နဲ့ သိက္ခကို စတေးလို့ မိသားစု ဘဝ ရပ်တည်ရေး လိုအပ်ချက်အရ ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေရတဲ့ ဝါသနာ အရ ဒီလောကထဲ ရောက်လာကြသူတွေ မဟုတ်တဲ့ လိင်လုပ်သား တွေကို ရဲတွေက နည်းမျိုးစုံနဲ့ အနိုင်ကျင့်တဲ့ အကြောင်း အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ထားပါတယ်။