သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေ့လျား စာကြည့်တိုက်

  • 5 ဖေဖော်ဝါရီ 2014
Image caption Candle Mobile Library လို့ခေါ်တဲ့ စစ်ရှောင်စခန်း တခုက နယ်လှည့် စာကြည့်တိုက်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ပြီး တိုင်းရင်းသား လူငယ် ၇ ယောက် ပူးပေါင်းကာ စစ်ပြေး စစ်ရှောင် IDP စခန်းတွေမှာ ဒုက္ခသည်တွေကို အသိပညာ ဉာဏ်အလင်း တံခါး ဖွင့်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။

သူတို့ အဖွဲ့အမည်ကတော့ Candle Mobile Library ဖြစ်ပြီး အခုဆိုရင် နယ်လှည့် စာကြည့်တိုက်တွေကို မြန်မာ နိုင်ငံ မြောက်ဖျား တရုတ် နယ်စပ်နားက စစ်ရှောင်စခန်း လေးခုမှာ လိုက်ဖွင့် ပေးနိုင်ခဲ့ပါပြီ။

ကချင် ၊ ကရင် ၊ ရခိုင်နဲ့ ဝ တွေပေါင်းဖွဲ့ထားတဲ့ ဒီဆယ်ကျော်သက် တိုင်းရင်းသား လူငယ်တွေဟာ ကိုယ့်ဖာသာကိုယ် ခရစ်စမတ် ကဒ်နဲ့ တီရှပ်တွေ လုပ်ရောင်းပြီး ခရီးစရိတ် ရံပုံငွေ ရှာကာ စာအုပ်တိုက်တွေနဲ့ အသင်းတော်တွေမှာ စာအုပ်တွေ အလှုခံလို့ ဒါတွေနဲ့ စစ်ရှောင်စခန်းတွေမှာ လိုက်လံ စာကြည့်တိုက် ဖွင့်ပေးနေတာ ဖြစ်ပါတယ်။

အခုလို တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ အောင်မြင်တာ ဘာကြောင့်လဲ ဆိုတဲ့ သူတို့ရဲ့ သော့ချက်ကို ရှာဖွေ ဖော်ထုတ် တင်ဆက်ထားတဲ့ အမေ့ခံပုံရိပ်ကို နားဆင်နိုင်ပါတယ်။