Korea
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်မြောက် ကိုးရီးယားက မိသားစုတွေ ပြန်ဆုံခွင့်ရ

တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက နှစ် ၆၀ ကျော်ကြာ မိသားစုချင်း ကွဲနေရတဲ့ သက်ကြီးရွယ်အိုတွေ ပြန်ဆုံခွင့် လမ်းစ ပေါ်လာပြန်ပါပြီ။

ဒီကနေ့ တောင်ကိုရီးယား မြို့တော် ဆိုးလ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မိသားစုတွေ ဆုံခွင့်ပေးဖို့ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် စီစဉ်လိုက် ပျက်လိုက် ဖြစ်ခဲ့ရဖူးတဲ့ ဒီလို ပြန်ဆုံပွဲတွေ ဒီတကြိမ်မှာလည်း ချောချောမောမော ဖြစ်လာပါ့မလားလို့ စိုးရိမ်စရာ ရှိနေပါတယ်။