အချစ်ချင်းပြိုင်ရင် ဘယ်သူနိုင်မလဲ

  • 11 ဖေဖော်ဝါရီ 2014
Valentine

ဒီမှာ မိတ်ဆွေ

ချစ်ရတာ ပျော်စရာ မကောင်းဘူးလား။

ပျော်စရာကောင်းတဲ့ မိတ်ဆွေတို့ ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေနဲ့ ဇာတ်လမ်းလေး အကြောင်းကို ချစ်သူများနေ့ Valentine’s Day မှာ ဘီဘီစီ ရေဒီယိုနဲ့ Facebook ကနေ ထုတ်လွှင့်ပေးမယ်ဆိုရင် ပိုလို့တောင် ပျော်စရာ၊ အမှတ်ရစရာလေး ဖြစ်သွားမှာပေါ့။

ဒီတော့ ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်မြူးတူးဖွယ်၊ ချစ်ခင်နှစ်သက်ဖွယ်၊ ထိခိုက်ခံစားဖွယ် ဇာတ်လမ်းလေးတွေ ရှိရင် ဘီဘီစီကို ရေးသားပေးပို့ နိုင်ပါတယ်။ ဘီဘီစီကို ပေးပို့တဲ့ ဇာတ်လမ်းလေးတွေထဲကနေ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်လမ်းတချို့ကို ရွေးပြီး ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်လွှင့် တင်ဆက်ပေးမှာပါ။

ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာတို့ကိုလည်း ထည့်သွင်း ရေးသား ပေးပို့စေလိုပါတယ်။

အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ကနေဖြစ်ဖြစ်၊ Facebook ကနေ ဆိုရင်တော့ BBC Burmese ရဲ့ ''Message'' ဆိုတဲ့ နေရာကနေ ရေးသားပေးပို့နိုင်ပါတယ်။

Page not found - BBC ပင်မစာမျက်နှာ

404 - စာမျက်နှာ ရှာမတွေ့ပါ

ဤသို့ဖြစ်ရခြင်းမှာ ဝက်ဘ်ဆိုက်လိပ်စာ မှားရိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ လိပ်စာနဲ့ စာလုံးပေါင်းကို ကျေးဇူးပြုပြီး ပြန်ကြည့်ပေးပါ။