Afghan Prisoners
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန် အကျဉ်းသားလွှတ်တာကို 'ကန်' စိုးရိမ်

အာဖဂန် နစ္စတန် က လုံခြုံရေး တင်းကျပ်တဲ့ ဘတ်ရမ် အကျဉ်းထောင် က အကျဉ်းသား ၆၅ ဦး လွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်က နောင်တရလိမ့်မယ်လို့ ပြောပါတယ်။

အဲဒီလွတ်လာသူတွေထဲမှာ ဗုံးခွဲ တိုက်ခိုက်တာမျိုးတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ တွေ့ထားရတယ်လို့ ပြောပါတယ်။

အာဖဂန် သမ္မတ ခါဇိုင်းက ဒီအကျဉ်းသားတွေထဲက တချို့မှာ အပြစ်မရှိတဲ့အတွက်ကြောင့် ဆိုပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေ မလွတ်မြောက်ခင်မှာ အဲဒီထဲက တချို့ ကို ဘီဘီစီက တွေ့ဆုံခွင့် ရခဲ့ပါတယ်။