သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေးကမ္ဘာ့အရေး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်း မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တရှိန်ထိုး တိုးတက် လာတဲ့အတွက် ပြည်တွင်းရော ပြည်ပက ပါကြိုဆိုခဲ့ကြပါတယ်။

ဒါပေမယ့်၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄ပွင့်ဆိုင်တွေ့ဖို့တောင်းဆိုမှုတွေ နောက်ပိုင်း ဆက်ဆံရေး ပြန်အေးနေတဲ့အတွက် ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား ယုံကြည်မှု လျော့နည်း လာတဲ့သဘောလား။

အင်အယ်လ်ဒီပါတီ မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် အမျိုးသားဒီမိုကရေစီပါတီသစ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့က ဦးမောင်မောင်သန်းနဲ့အတူပါဝင်ဆွေးနွေးထားပါတယ်။