Poaching
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆင်စွယ် လုပ်ငန်းကြောင့် ဆင်မျိုး တုံးမယ့် အန္တရာယ်

  • 13 ဖေဖော်ဝါရီ 2014

ကင်ညာ နိုင်ငံမှာ ဆင်ခိုးပစ်တဲ့ မုဆိုးတွေရဲ့ ရန်ကြောင့် ဆင်မျိုးတုံးမယ့် အန္တရာယ်နဲ့ ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၃၀ က အကောင် ၁ သိန်း ၇ သောင်းရှိခဲ့ရာက အခုတော့ ၃ သောင်းလောက်ပဲ ကျန်ပါတော့တယ်။

အစွယ်လိုချင်လို့ ဆင်တွေ သတ်ဖြတ်တဲ့နှုန်းက အမြင့်ဆုံးကို ရောက်လာနေပါတယ်။

ကင်ညာအစိုးရက အခုအခါ ဆင်စွယ်မှောင်ခိုသမားတွေကို မိရင် မြင့်မားတဲ့ ဒဏ်ငွေတွေ ရိုက်ပါတယ်။

ဒါပေမယ့် ဆင်တွေကို အကာအကွယ်ပေးဖို့အတွက် ဒီထက်မက လုပ်ဖို့လည်း လိုနေပါသေးတယ်။