သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကရိန်း ပဋိပက္ခ တိုက်ရိုက်ထုတ်လွှင့်မှု

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့လယ်မှာ အသစ်တဖန် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့လို့ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ဆက်တိုက် တိုက်ခိုက်မှုတွေအပြီး ယူကရိန်းသမ္မတ ယာနူကိုဗစ်ချ်နဲ့ အတိုက်အခံတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သဘောတူခဲ့ကြသေးပေမယ့် အခုတော့ တိုက်ခိုက်မှုတွေ ထပ်မံ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ယာနူကိုဗစ်ချ်ကတော့ အီးယူ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေပြီး အီးယူ အနေနဲ့တော့ ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့ နောက်ပိုင်းမှာ ဆွေးနွေးဖို့ ရှိပါတယ်။

ယူကရိန်း မြို့လယ်က တိုက်ရိုက်ပေးပို့ ထုတ်လွှင့်တဲ့ APTN ရုပ်သံသတင်းကို ကြည့်ရှုနိုင်ပါတယ်။