North Korea
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုးရီးယားနှစ်နိုင်ငံက မိသားစုတွေ ပြန်တွေ့

  • 20 ဖေဖော်ဝါရီ 2014

စားစရာတွေ၊ ဆေးဝါးတွေနဲ့ မိသားစု ဓာတ်ပုံတွေကိုင်ပြီး တောင်ကိုရီးယား အဘိုးအို အဘွားအိုတွေ မြောက်ကိုရီးယားဘက်ကို သွားနေကြပါပြီ။

သူတို့တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကွဲခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ဆုံကြမှာပါ။ အခု တွေ့ဆုံကြတာကလည်း ၂၀၁၀ နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီလို ကွဲကွာနေတဲ့ ဆွေမျိုးတွေနဲ့ တွေ့ရဖို့အတွက် စာရင်းပေး စောင့်မျှော်နေကြတဲ့ မိသားစုပေါင်း ထောင်နဲ့ချီပြီး ကျန်နေပါသေးတယ်။