Thxa Soe
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘီဘီစီရဲ့ Asia Beats ပေါ်က သားစိုး

ဘီဘီစီရဲ့ အထူးအစီအစဉ်တစ်ခုဖြစ်တဲ့ Asia Beats (အာရှတေးသွားများ) အစီအစဉ်မှာ မြန်မာနိုင်ငံက အဆိုတော် သားစိုးနဲ့ The Ugly Band ဂီတအဖွဲ့တို့ ဖျော်ဖြေတာကို ဖေဖော်ဝါရီ ၂၁ ရက်မှာ BBC World News ရုပ်မြင်သံကြားကနေ ထုတ်လွှင်ပေးခဲ့ပါတယ်။

အာရှတိုက်က ထူးခြားတဲ့ တေးသွားတချို့ကို ဘီဘီစီကနေ စုစည်းတင်ဆက်ပေးနေပြီး မြန်မာသီချင်းအပြင် ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှက တေးသွားတွေလည်း ပါဝင်ပါတယ်။

မိုဘီ ဂျီနို

အခုလာမယ့် တနင်္လာနေ့မှာလည်း ဘီဘီစီ မြန်မာပိုင်းရဲ့ မိုဘီ ဂျီနို အစီအစဉ်ကနေ Asia Beats အစီအစဉ်ကို ပြန်လည် တင်ဆက်ပေးဖို့ ရှိပါတယ်။