မိုဘီဂျီနို နဲ့ အာရှတေးသွားများ

  • 24 ဖေဖော်ဝါရီ 2014
Asia Beats
Image caption သားစိုး နဲ့ The Ugly အဖွဲ့

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ...

ဘီဘီစီရဲ့ အထူးအစီအစဉ်တစ်ခုဖြစ်တဲ့ Asia Beats (အာရှတေးသွားများ) အစီအစဉ်ကို တင်ဆက်ပေးထားပါတယ်။

Image caption အင်ဒိုနီးရှားက Klantink အဖွဲ့

ဘီဘီစီ World News ရုပ်မြင်သံကြားလိုင်းကနေ ထုတ်လွှင့်ပေးခဲ့တဲ့ အရှေ့တောင်အာရှက တေးသွားတချို့ကို မိုဘီ ဂျီနို အစီအစဉ်ကနေ ပြန်လည် တင်ဆက်ပေးထားပါတယ်။

အရင်ကလည်း အာဖရိကတိုက်က တေးသွားတွေအတွက် Africa Beats ၊ လက်တင် အမေရိကရဲ့ တေးသွားတွေအတွက် LatAm Beats ဆိုပြီး ထုတ်လွှင့်ပေးခဲ့ဖူးပါတယ်။

Image caption ဗီယက်နမ်က လေ ကပ် ချောင် လီ

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတော့ Asia Beats အစီအစဉ်မှာ မြန်မာနိုင်ငံက အဆိုတော် သားစိုးနဲ့ The Ugly Band ဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ထုတ်လွှင်ပေးခဲ့ပါတယ်။

မြန်မာသီချင်းတပုဒ်ကို Hip-hop beat ထည့်ပြီး မယ်ဒလင်၊ စန္ဒယားနဲ့ ဒပ်ဘယ်လ် ဘေ့စ် တို့နဲ့ Acoustic ပုံစံ တီးခတ် သီဆိုထားကြတာ ဖြစ်ပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို BBC Burmese ဖေ့စ်ဘုတ်ရဲ့ Message ကနေလည်း ရေးသား ပေးပို့ နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်တွေကို စနေနေ့ မနက်တိုင်း မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။