အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (8.2 Mb)

နိုင်ငံတကာ သတင်းသုံးသပ်ချက်

27 ဖေဖော်ဝါရီ 2014 16:16 GMT နောက်ဆုံး ရေးသားသည်။

ယူကရိန်းမှာ သမ္မတ ယာနူကိုဗစ်ချ် ပြုတ်ကျ ရှောင်ပြေးသွားရပြီးပေမယ့် နိုင်ငံရေး အကြပ်အတည်းက လုံးဝ လွတ်မြောက်သွားသေးတဲ့ အခြအနေတော့ မရှိသေးပါဘူး။ ယူကရိန်းစကားပြောသူတွေနဲ့ ရုရှားစကားပြောသူတွေ ကြား နိုင်ငံအနောက်ခြမ်းနဲ့ အရှေ့ခြမ်း အရင်က ရှိခဲ့တဲ့ အက်ကြောင်းတွေဟာ အခုတော့ ပိုပြီးတောင် ထင်ရှားလာပါသေးတယ်။ ဒီအခြအနေမှာ ဥရောပနဲ့ ရုရှား အပြိုင်အဆိုင် ယူကရိန်းကို သူ့ဖက် ကိုယ့်ဖက် ဆွဲခေါ်မှုတွေလည်း အများကြီး တွေ့လာရနိုင်ပါတယ်။ ယူကရိန်း ဘယ်လမ်းကို ရွေးမှာပါလဲ၊ ကိုမင်းထက်က နိုင်ငံတကာ သတင်း သုံးသပ်ချက် အစီအစဉ်မှာ တင်ပြထားပါတယ်။