indonesia rubbish clinic
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမှိုက်ပေးပြီး ဆေးကုသမှု ခံယူမယ်

  • 7 မတ် 2014

အင်ဒိုနီးရှားနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူ အများအပြားဟာ စား၀တ်နေရေးအတွက် အနိုင်နိုင် ရုန်းကန်နေကြရပြီး နေထိုင်မကောင်း ဖြစ်ခဲ့ရင် ဆေးဖိုးဝါးခအတွက် အခက်အခဲ ဖြစ်ကြရပါတယ်။

ဒါပေမယ့် ဂျာဗားကျွန်းက မြို့လေးတစ်မြို့မှာတော့ ဆင်းရဲချို့တဲ့သူတွေအတွက် အလွယ်တကူ ဆေးကုသခံနိုင်မယ့် အထူးအစီအစဉ်ကို စတင်လိုက်ပါတယ်။ အဲဒီ အစီအစဉ်အရ ဆေးဖိုးအတွက် ပေးရမှာက ငွေမဟုတ်ဘဲ စွန့်ပစ်မယ့် အမှိုက်တွေ ဖြစ်ပါတယ်။