သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘာသာရေး ဥပဒေကြမ်းတွေ ဘာ့ကြောင့် ပြင်ဆင်သလဲ

မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ အစိုးရ အဆက်ဆက်တွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင် သမ္မတဉီးသိန်းစိန် အစိုးရ လက်ထက်ဟာ အချိန်တိုတိုအတွင်းမှာ ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ အများဆုံးနဲ့ အကြီးမားဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ အစိုးရက ဉီးဆောင်ပြီး ဘာသာရေးနဲ့ ဆက်စပ်တဲ့ ဥပဒေကြမ်းနှစ်ရပ် ရေးဆွဲရေး အတွက် ကော်မရှင် ဖွဲ့စည်း ပြင်ဆင်နေပါပြီ။

ဒီတော့ ဒီလိုအချိန်မျိုးမှာ အခုလို ဥပဒေတွေ ရေးဆွဲဖို့ ပြင်ဆင်လာတာဟာ ဘာသာတခုကို အကာအကွယ်ပေးဖို့လား။ အများပြည်သူရဲ့ အကျိုးစီးပွား အတွက်လား။ ဒါမှမဟုတ်နိုင်ငံရေး ရည်ရွယ်ချက်နဲ့လား ။ ဘာရည်ရွယ်ချက်နဲ့ အခုလို ဆောင်ရွက်သလဲဆိုတာကို သောတရှင်တွေပါဝင် ဆွေးနွေးထားကြပါတယ်။

သောတရှင်တို့နဲ့ အတူ သမ္မတရုံး ညွှန်ကြားရေးမှူးဉီးဇော်ဌေးနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးတို့ ပါဝင်ဆွေးနွေးထားပါတယ်။