Crimea, Ukraine, Independence
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခရိုင်းမီးယားပါလီမန် လွတ်လပ်ရေးကြေငြာ

ခရိုင်းမီးယားဒေသဟာ ယူကရိန်းကနေ ခွဲထွက်လိုက်ပြီလို့ ခရိုင်းမီးယားပါလီမန်က ကြေငြာလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ခရိုင်းမီးယားဒေသမှာ ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲမှာ ရရှားနဲ့ တပြည်ထောင်တဲ့ ပေါင်းဖို့ လူတွေက မဲပေးခဲ့ကြပါတယ်။ ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကြားဖြတ်အစိုးရက သူ့ရဲ့တပ်တချို့ကို ဖြန့်ချ ထားလိုက်ပါတယ်။

ဥရောပသမဂ္ဂ အီးယူကလည်း လူထုဆန္ဒခံယူပွဲမှာ အဓိကတာဝန်ရှိတဲ့ ရရှားနဲ့ ယူကရိန်းအရာရှိ ၂၁ ဦးအပေါ် ဗီဇာပိတ်ပင်မှုနဲ့ သူတို့ ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းဖို့အတွက် သဘောတူလိုက်ကြပါတယ်။

ယူကရိန်း၊ အမေရိကန်နဲ့ အီးယူတို့က ဒီဆန္ဒခံယူပွဲက တရားမဝင်ဘူးလို့ ပြောနေပြီး ရရှားကတော့ ဒါဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတယ်လို့ ဆိုနေပါတယ်။