Malaysia, Plane
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မလေးရှားလေယာဉ် ရှာဖွေမှုလမ်းကြောင်း ထပ်တိုး

လွန်ခဲ့တဲ့ ၁ ပတ်ကျော်က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ကြီးကို အခု နိုင်ငံပေါင်းက ၂၅ နိုင်ငံက ဝိုင်းရှာ နေကြပါပြီ။

လေယာဉ် ဝန်ထမ်းတွေ ခရီးသည်တွေနဲ့ မြေပြင်က ကွင်းမှာ လုပ်ကိုင် နေသူတွေက အစ ဒီခရီးစဉ် နဲ့ ပတ်သက်သမျှ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေကြပါပြီ။

ဒီလေယာဉ်ကနေ နောက်ဆုံး ဆက်သွယ်ချက်လာတဲ့ အချိန်နဲ့ လေယာဉ်က ဆက်သွယ်ရေး ကိရိယာတွေ အကုန် ပိတ်ပစ်လိုက်တဲ့ အချိန်နဲ့လည်း တဆက်ထဲ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် လို့ အဲဒီ လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာက်မှူးတွေရဲ့ ဆွေးမျိုးတွေနဲ့ မိတ်ဆွေ တွေကတော့ သူတို့တွေဟာ သာမန်အားဖြင့် ပြစ်မှုလုပ်မယ့်သူတွေအဖြစ် မတွေ့ခဲရကြောင်း ပြောကြပါတယ်။