သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 20 မတ် 2014
ဓာတ်ပုံ မူပိုင် others
Image caption သန်းခေါင်စာရင်း ပညာပေး လက်ကမ်းကြော်ညာ

မြန်မာနိုင်ငံမှာ မတ်လ၃၀ ရက်ကနေ ဧပြီလ၁၀ရက်နေ့အထိ နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ စတင်ဆောင်ရွက်နေပါပြီ။ ဒီနေရာမှာ ကချင် လွတ်လပ်ရေး အဖွဲ့ကေအိုင်အိုက သူတို့နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ခွင့်မပြုဘူးလို့ကြေညာပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ရိုဟင်ဂျာကို လူမျိုး စာရင်းအဖြစ်လက်မခံဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။ ဒီလိုတောင်းဆိုမှုတွေကြောင့် သန်းခေါင်စာရင်း ကောက်ယူမှုအပေါ်ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ။ ဒီလိုအခက်အခဲတွေကို ဘယ်လို အဖြေရှာနိုင်မလဲ။ ပြည်သူ့ အင်အား ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်ကြိုင် စစ်တွေမှ မြို့မိမြို့ဖ ဉီးသန်းထွန်းတို့နဲ့အတူ ဉီးမောင်မောင်သန်းကဆွေးနွေးထားပါတယ်။