မိုဘီဂျီနို နဲ့ သမ္မတကြီးဖြစ်ချင်သူ

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption ဆယ်ကျော်သက် ဒုတိယနှစ်ကျောင်းသား ကိုလှဖုန်းမြင့်

ဒီတပတ်မှာတော့ …

အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ပညာသင်ကြားနေတဲ့ ဆယ်ကျော်သက်အရွယ် မြန်မာကျောင်းသားတစ်ဦးက သူ့ရဲ့အတွေ့အကြုံတွေကို မိုဘီဂျီနို သောတရှင်တွေနဲ့ ဝေမျှ ပြောပြမှာ ဖြစ်ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ကြီးရင် သမ္မတဖြစ်ဖို့ အိပ်မက် မက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်၊ ဒုတိယနှစ်မှာ လေ့လာနေပါတယ်။

တက္ကသိုလ်မှာလည်း စကောလားရှစ် ပညာသင်ဆု အပြည့်နဲ့ တက်နေသူ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေအနေနဲ့ စကေားလားရှစ် ဘယ်လို လျောက်နိုင်တယ်ဆိုတာအပြင် သူရဲ့ ပညာရေး လေ့လာဆည်းပူးမှု နဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သူဘယ်လို စိတ်ကူးထားသလဲဆိုတာတွေကို နားဆင်နိုင်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။