BBC Burmese TV
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘီဘီစီ မြန်မာတီဗီ လာပြီ

ဘီဘီစီမြန်မာပိုင်းကနေ ပြည်တွင်းမှာ တီဗီအစီအစဉ်တစ်ခု တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

ဧပြီလ ၇ ရက်ကစလို့ Skynet ရဲ့ MNTV ရုပ်သံလိုင်းပေါ်ကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

နေ့စဉ် တနင်္လာကနေ သောကြာအထိ ည ၈ နာရီ ၄၅ မိနစ် အချိန်မှာ ကြည့်ရှုနိုင်မှာပါ။

ဘီဘီစီမြန်မာပိုင်းကနေ နောက်ဆုံးရသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်အစီအစဉ်တွေကို ရေဒီယို၊ အွန်လိုင်း နဲ့ မိုဘိုင်းဖုန်းတွေကနေ လောလောဆယ် တင်ဆက်ပေးနေရာမှာ အခုတော့ ဘီဘီစီ ပရိတ်သတ်တွေအတွက် တီဗီပေါ်ကနေပါ ထုတ်လွှင့် တက်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။