သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲအကြို အာဖဂန် လုံခြုံရေး

4 ဧပြီ 2014 15:27 GMT နောက်ဆုံး ရေးသားသည်။

အာဖဂန်နစ္စတန်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်ပြီဖြစ်လို့ လုံခြုံရေးတွေလည်း ပိုပြီး တင်းကျပ်ထားရပါတယ်။

အမေရိကန်သတင်းဌာနဖြစ်တဲ့ အေပီက သတင်းထောက် ၂ ဦး သေနတ်နဲ့ အပစ်ခံရလို့ ဓာတ်ပုံသတင်းထောက် သေဆုံးခဲ့ရပါတယ်။ သူတို့ဟာ နိုင်ငံအရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးမှာ အပစ်ခံရတာ ဖြစ်ပါတယ်။

တဘက်မှာလည်း အာဏာပိုင်တွေအနေနဲ့ မဲလက်မှတ်တွေကို နိုင်ငံအနှံ့ကို ပို့ပေး ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။