မိုဘီဂျီနို နဲ့ ယူနီကို

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Youn Ni Ko

ဒီတပတ်မှာတော့ ဆိုက်ပရပ်စ်နိုင်ငံမှာနေတဲ့ မြန်မာမိန်းကလေးတစ်ဦးရဲ့ သီချင်းသံစဉ်တွေကို တင်ဆက်ပေးထားပါတယ်။

သူကတော့ ၁၆ နှစ်အရွယ် Youn Ni Ko ဖြစ်ပါတယ်။ ဧပြီလနှောင်းပိုင်းတုန်းကတော့ ယူနီကိုဟာ ဆိုက်ပရက်ပ်စ်ရဲ့ Balcony TV မှာ သူကိုယ်ပိုင်ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ကို ကိုယ်တိုင် ဂစ်တာ တီးပြီး ဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်ကို နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ်bbcburmese@gmail.comဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။ မိုဘီဂျီနိုကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။