သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 8 မေ 2014
Image caption ဘာသာရေး အခြေခံတဲ့ ဥပဒေတွေဆွဲဖို့ ကော်မရှင်

မြန်မာနိုင်ငံမှာ ကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေနဲ့ လူဉီးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကြမ်းတွေကို ရေးဆွဲပြီးနေ ပြီဖြစ်ပြီး မကြာမီ ပြည်သူကို ချပြမယ်လို့ ရေးဆွဲရေး ကော်မရှင်က ပြောပါတယ်။

တဖက်မှာလည်း ဘာသာရေးကို အခြေခံတဲ့ ဒီမျိုးစောင့် ဥပဒေတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်လူထုကို အာရုံလွှဲတာ အမျိုးသမီး အခွင့်အရေး ချိုးဖေါက်တာလို့ လူ့အခွင့်အရေး အဖွဲ့ ၉၀ကျော်က ထောက်ပြ ဝေဖန်ပါတယ်။

ဒီတော့လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ အခုလို့ ဥပဒေရေးဆွဲရေးဟာ နိုင်ငံရေးအရ ဘယ်ကိုဉီးတည် သွားနိုင်မလဲ။ လူထုကို တကယ် အာရုံပြောင်းတဲ့ သဘောလား။ ရခိုင် အမျိုးသမီးများ အစည်းအရုံးမှ စောမပုစိန် ဖန်တီးအိမ် လူ့အခွင့်အရေး လှုပ်ရှားမှုမှ ရွှေရွှေစိန်လတ်နဲ့ လူ့အခွင့်အရေး ရှေ့နေဉီးမြင့်သွင်တို့ ပါဝင်ကြမှာဖြစ်ပါတယ်။