russia
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှား ရင်ပြင်နီက အောင်ပွဲနေ့ စစ်ရေးပြပွဲ

  • 9 မေ 2014

၁၉၄၅ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက နာဇီ ဂျာမနီကို အနိုင်ယူခဲ့တဲ့ အထိန်းအမှတ် အောင်ပွဲနေ့အဖြစ် စစ်ရေးပြ အခန်းအနားတွေ ရုရှားမှာ ကျင်းပခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရုရှားအခေါ် မျိုးချစ်စစ်ပွဲအတွင်း ရုရှလူမျိုး ၂၇ သန်းလောက် သေကြေခဲ့ကြတာပါ။

အဲဒီပွဲ တက်ရောက်အပြီးမှာ သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ခရိုင်းမီးယား Sevastopol ကို ရောက်လာပြီး အဲဒီက ရုရှားမျိုးချစ်တွေကို နှုတ်ဆက်ပါတယ်။

ခရိုင်းမီးယားအရေးကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်နေတဲ့ မစ္စတာ ပူတင်ဟာ ရင်ပြင်နီက သူ့မိန့်ခွန်းထဲမှာတော့ ယူကရိန်းအကြောင်း ထည့်မပြောခဲ့ပါဘူး။ အကြောင်းစုံကို ကိုမရီရီအောင်က ပြောပြ ပေးမှာပါ။