isreal
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ္စရေးလ် ဝန်ကြီးချုပ်ဟောင်း အောလ်မတ်ကို အဂတိမှုနဲ့ ထောင်ချ

  • 13 မေ 2014

အစ္စရေးလ် ဝန်ကြီးချုပ်ဟောင်း အေဟွတ် အောလ်မတ်ကို လာဘ်စားမှုတဲ့ ထောင် ၆ နှစ် ချလိုက်ပါတယ်။

မစ္စတာ အောလ်မတ်ဟာ ဂျေရုဆလင်မြို့တော်ဝန် ဖြစ်ခဲ့တုန်းက အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ လာဘ်ယူခဲ့တယ်ဆိုပြီး စွဲချက်တင် ခံခဲ့ရတာပါ။

သူကတော့ အခုဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောနေပါတယ်။ ဒီသတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။