nigeria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ဂျီးရီးယားမှာ အစိုးရအပေါ် မကျေနပ်မှုတွေ ရှိနေ

  • 13 မေ 2014

နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ် အစ္စလာမ်မစ်စစ်သွေးကြွ အဖွဲ့က ဖမ်းဆီး ခေါ်သွားတဲ့ ကျောင်းသူလေးတွေကို အစိုးရက အရှိန်မြှင့်ပြီး လိုက်ရှာနေပါတယ်။ တဖက်မှာတော့လည်း ဘိုကိုဟာရမ်တွေကို မနှိမ်နင်းနိုင်လို့ လူထုက အစိုးရကို အပြစ်တင်နေကြပါတယ်။

ပြီးခဲတဲ့ အပတ်က ဘိုကိုဟာရမ်တွေ ဝင်တိုက်ခိုက် ဖျက်ဆီးသွားတဲ့ နိုင်ငံမြောက်ပိုင်းက ဂမ်ဘိုရူမြို့ကို ဘီဘီစီက ရောက်သွားတဲ့အခါ အဲဒီမှာ ဒေသခံတွေက တော်တော်လေး ဒေါသထွက် နေကြတာ တွေ့ခဲ့ရပါတယ်။ကိုမင်းထက်က တင်ဆက်ပေးထားပါတယ်။