syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား ကလေးတွေ စာမေးပွဲဖြေ

ဆီးရီးယား နိုင်ငံမှတော့ ပြည်တွင်းစစ်ကြောင့် ကျောင်းတွေ ပျက်စီး ခဲ့ရသလို သန်းနဲ့ ချီတဲ့ ကလေးတွေလည်း ဘေးလွတ်ဖို့ ပြေးခဲ့ကြရပါတယ်။ ခုတော့ ကျောင်းနေ အရွယ် ကလေးတွေ စာမေးပွဲ တွေ စပြီး ဖြေနေကြပါပြီ။ ဒမတ်စကပ်စ်မြို့ အပြင်ဘက်မှာတော့ ယာမုခ် ပါလက်စတိုင်း ဒုက္ခသည် စခန်းကကလေးတွေလည်း စာမေးပွဲ ဖြေဆိုနေကြပါတယ်။ ဘီဘီစီရဲ့ သတင်းထောက်ချုပ် လိစ် ဒူးဆက်ရဲ့ သတင်းကို အခြေခံလို့ မသီဒါနွယ် ကတင်ဆက်ပေး ထားပါတယ်။