သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံ ဥပဒေပြင်ရေး လူထု ဟောပြောပွဲများ

၂၀၀၈ခုအခြေခံ ဥပဒေပြင်ဆင်ရေး လူထု ဟောပြောပွဲတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို တိုက်ရိုက် စိန်ခေါ်မှုတွေ ပြုလုပ်လာပါတယ်။

ကာကွယ်ရေး ဉီးစီးချုပ်ကလည်း အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တို့တာဝန်အရေး သုံးပါးကိုကာကွယ်ဖို့ အစဉ်တစိုက် ပြောနေပါတယ်။ ဒါကြောင့်အခု အင်အယ်ဒီနဲ့ ၈၈အဖွဲ့တို့က လူထုကို ချပြနေတာ စစ်တပ်နဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ပေါ်ထွက်နေပါတယ်။

အခုလိုလူထုကို ဆော်သြမှုတွေကြောင့် တင်းမာမှုတွေ ကတဆင့် လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်မှု ရှိနိုင်သလား မရှိနိုင်ဘူးလား။ ၁၉၉၀ရွေးကောက်ပွဲ အမတ်များအဖွဲ့မှ ဒေးဗစ်လှမြင့်

အင်အယ်ဒီပါတီ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းနဲ့ စာရေးဆရာ ထွန်းဇော်ဌေးတို့ ဆွေးနွေးထားပါတယ်။